Sunday, August 5, 2018

Dress Code လူပုံဒီဇိုင်း

လူပုံဒီဇိုင်း လူတိုင်းမှာရှိတယ်။ ကျွန်တော်လည်း ခေတ်နောက်ကျတယ်အပြောခံရမှာ သဘောမကျတာမဟုတ်။ ရုပ်ရှင် ဇာတ်လိုက်တွေလိုတော့ အကုန်လိုက်မလုပ်။

နေကာမျက်မှန်ကို နဖူးပေါ် ခေါင်းပေါ်တင်တာမျိုး တခါမှမလုပ်ပါ။ သင်္ကန်းဝတ်နဲ့ အဲလိုလုပ်တာတွေလည်း တွေ့တယ်။ ကျွန်တော်က နေကာမျက်မှန် သုံးသင့်အခါ သုံးပါတယ်။ ပါဝါနဲ့မျက်မှန်ရှေ့က အပိုဆောင်းတပ်ရတာ မိတ်ဆွေ နှစ်ယောက်စီကနေ လက်ဆောင်ရတာ စတိုင်ကျတယ်။

အိတ်တွေ အများကြီးပါပြီး အပေါ်က ထပ်ဝတ်ရတဲ့၊ မီဒီယာသမားတွေ ဝတ်လေ့ရှိတဲ့ ဂျက်ကက်မျိုး တခါမှမဝတ်ပါ။ သူ့အရွယ်နဲ့ သူ့အလုပ်နဲ့ဝတ်ကြတာ ကြည့်ကောင်းတယ်။ ကျွန်တော်က လေယာဉ်နဲ့ခရီးသွားရရင် ကုတ်အင်္ကျီကို သဘောကျတယ်။ အတွင်းအိတ်မှာ လေယာဉ်လက်မှတ်နဲ့ ပတ်စပို့က တဖက်၊ နောက်တဖက်မှာ ဝေါလက်။

လက်တိုအင်္ကျီနဲ့ဆို လက်ပတ်နာရီကို ပတ်ချင်တယ်။ နာရီအရောင်နဲ့ ပုံပန်းတော့ ရွေးတယ်။ အိပ်ပြန်ရောက်တာနဲ့ ချွတ်တယ်။ ရိုးလက်စ် မဝယ်နိုင်ပါ။ လွန်ခဲ့တဲ့ ၇ နှစ်လောက်က အိန္ဒိယနိုင်ငံရေးပါတီတခုရဲ့ကွန်ဂရက်မှာ နိုင်ငံတကာဧည့်သည်တွေကို လက်ဆောင်ပေးတုန်းက ရထားတာ။ ရွှေရောင်၊ အဝိုင်း၊ ပါးပါး၊ အနက်ရောင်သားရေကြိုးနဲ့။ ဓါတ်ခဲအသစ်ထည့်သုံးတယ်။ ဒီမှာက ဓါတ်ခဲဖိုးက နာရီဖိုးထက်ကြီးတယ်။ မုံရွာမှာဓါတ်ခဲလဲခဲ့တယ်။

ပြည်ပနေရကတည်းက ဘောင်းဘီရှည်နဲ့သာ စခန်းသွားရတာ၊ နေသာထိုင်သာ မရှိပါ။ အိမ်ရောက်လို့ ချွတ်လိုက်တာနဲ့ ပေါ့ပါးသွားတယ်။ ပစ်ဂျမာခေါ် ညဝတ်ဘောင်းဘီရှည်နဲ့ ဝတ်အိပ်တာ အဆင်ကိုမပြေပါ။ ဘောင်းဘီတို ပြည်တွင်းမှာ နေရစဉ်က တင်းနစ်ကစားတုန်းကသာ ဝတ်တယ်။ ဝေါလ်ကင်းရှူးစီးတာ တနှစ်သာရှိသေးတယ်။ အဲတာလည်း ခုထိ ဆယ်ကြိမ်မပြည့်လောက်သေး။

နိုင်ငံရေးဝတ်စုံထဲမှာ ကချင်ပုဆိုးနဲ့ ယောပုဆိုးတော့ သဘောကျတယ်။ ပခုံးမှာတော့ လွယ်အိတ် မလွယ်တတ်ပါ။ စွပ်ကျယ်တော့ မပါဘဲ မနေတတ်။ ချိုင်းပြတ်မှ။ ဒေလီကနေ ဘယ်နှစ်ဒါဇင်လဲမသိ ဝယ်လာတာ။ ပြည်တွင်းပြန်တော့ လက်ဆောင်တွေရတယ်။ ကျေးဇူး။

ပုဆိုးဆိုရင် ချည်ထည်သာ သဘောကျတယ်။ ပြောင်ပြောင်လက်လက်တွေနဲ့မဖြစ်။ ငယ်တုန်းကတော့ တောင်မြို့ပိုးကြူ၊ အင်းလေးလုံခြည် ဝတ်ခဲ့တယ်။ ဘန်ကောက်ပုဆိုးတော့ မဝတ်ဖူးခဲ့ပါ။ နေပြည်တော်ကြိုးကြီးချိတ်နဲ့က ရေစက်မပါ။

အခုတော့ စတစ်င်္ကျီနဲ့ ပင်နီသိပ်မဝတ်ပါ။ နိုင်ငံရေးသမားလို့ရောပြီး အထင်မခံချင်လို့သာ။ Smile!

ဒေါက်တာတင့်ဆွေ

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...