Sunday, August 5, 2018

I swear အကြိမ် တကယ့်ကို တရာကျော်ပြီ ဘုရားစူး

ကွန်မင့်မေးခွန်းတခုကို နမူနာပေးပါမယ်။ ပို့စ်က မရေရာတာကို မဖြေချင်ပါ။ မေးတာက သွေးခဲတဲ့ အမျိုးသမီးဟာ ကိုယ်ဝန်ပျက်တတ်တာ ရာခိုင်နှုန်း ဘယ်လောက်ရှိလဲ ဆရာ

မေးခွန်းပါ အမျိုးသမီး အသက် မသိ၊ ရာသီ မသိ၊ အရင်ကကိုယ်ဝန်ရာဇဝင် မသိ။ သွေးခဲဆိုတာဘာလဲ သေချာမသိ။ လူတိုင်း သွေးခဲနိုင်စွမ်းရှိကြရတယ်။ သွေးဆိုတာ သွေးကြောထဲကထွက်တာနဲ့ ခဲတယ်။ ၂-၃ မိနစ်သာကြာတယ်။ အဲလိုမသိတာကို ဘယ်လိုလုပ် ဖြေမလဲ။ ရမ်းကုဆရာဝန် မဟုတ်ပါ။

ကွန်မင့်ဆိုတာ ပို့စ်ကို အကောင်းအဆိုးပြောရတဲ့နေရာဖြစ်တယ်။ မေးထားသူတွေက ဘယ်တော့ လာဖတ်မလဲ။ တချို့က ကွန်မင့်မှာ ရေးချင်တာရေးထားခဲ့ပြီး ဖုတ်ဘက်ခါ ထသွားသလို ပြန်မကြည့်ကြ။

ဖေ့စ်ဘွတ်ပို့စ်ဆိုတာ နေ့မြင်ညပျောက် မဟုတ်။ အခုမြင် အခုပျောက်တာမျိုး။ ဘလော့တို့ ဝဘ်ဆိုက်တို့မှာက ၂၄ နာရီ၊ ၃၆၅ ရက်ရှိနေတာ။

ပို့စ်နဲ့ဆိုင်တာကိုမေးလို့ ဖြေထားလည်း လာမဖတ်ကြတာသိတယ်။ ဒီလိုရေးနေရတာ အကြိမ် တကယ့်ကို တရာကျော်ပြီ ဘုရားစူး။

ဒေါက်တာတင့်ဆွေ
၅-၈-၂ဝ၁၈

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...