Sunday, August 5, 2018

Know your own darkness ဗမာလိုလည်းသိပါ

ဗမာလို့ရေးလို့ တမျိုးထင်သူတွေများမှန်း သိပါတယ်။ ဝေါဟာရနိုင်ငံရေးမှိုင်းမိထားကြသူတွေ။

၁၉၈၈ အရေးအခင်းမှာ ဒီမိုကရေစီဖက်ကနေ ပြတ်ပြတ်သားသားထောက်ကူခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ ၁၉၉၂-၉၃ မှာ ယူတန်း လုပ်ပြီး စစ်အစိုးရနဲ့ ပလူးပလဲပေါ်လစီကို ဝန်ကြီးချုပ် နာရာဆင်ဟာရောင်းကနေစခဲ့ပါတယ်။ အဲတာ နယူးဝါးလ် အော်ဒါ၊ ကမ္ဘာ့အစီအစဉ်သစ်တဲ့။

မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေးနဲ့ သံခင်းတမန်ခင်းဟာ ၁၆၄၈ ကဖြစ်ခဲ့တဲ့ ဝက်စ်ဖီးလီးယားငြိမ်းချမ်းရေးကို အခြေခံထားတယ်။ ဥရောပနိုင်ငံတကာအရေးမှာ ဘာသာရေးစစ်ပွဲတွေ၊ ဟိုလီ ရိုမန် အင်ပါယာနဲ့ ဥရောပ ပါဝါမျှခြေကနေ ပုံဖေါ်တာမဟုတ်တော့ဘဲ၊ ဘာသာရေးအပါအဝင် မတူကွဲပြားတာတွေကို အုပ်စိုးတဲ့ အချုပ်အခြာ အာဏာပိုင်လွတ်လပ်တဲ့ တိုင်းပြည်စတိတ်ကနေ ပုံဖေါ်တယ်။ အဲတာဟာ တပါးနိုင်ငံပြည်တွင်းရေးကို ဝင်မစွက်ရေးမူကို အခြေပြုပြီး၊ အမျိုးသား အကျိုးစီးပွါးကို တွက်တာဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်မှာတော့ အနုမြူဗုံးကနေ ကမ္ဘာ့အရေးကို အခြေခံကျကျ ပြောင်းသွားစေခဲ့တယ်။ အဲတာက ကျင့်ဝတ်နဲ့ ဆန့်ကျင်တာဖြစ်တယ်။ စစ်အေးကာလနောက်ပိုင်းမှာ ကစ်ဆင်ဂျာက ဆိုဗီယက်ယူနီယန်နဲ့ ကျေစေအေးစေ လုပ်ခဲ့တယ်။ ကွန်မြူနစ် တရုပ်ပြည်ကြီးရဲ့တံခါးကို ဖွင့်နိုင်ခဲ့ပြန်ပါတယ်။ အဲတာကတော့ ကောင်းတယ် ဆိုတာကိုသာ ရွေးလိုက်ရင် အန္တရာယ်တွေ ဆက်လာမယ်လို့မြင်တာမို့ အပြစ်တင်စရာဖြစ်ပေမဲ့ ကိုယ့်တိုင်းပြည် အကျိုးစီးပွါးအတွက် ဒိထက် သင့်တော်တာမရှိတဲ့လမ်းစဉ်လို့ ဆိုပါတယ်။ နိုင်ငံရေးမှာ ကောက်ကျစ်မှုကို ထိန်းချုပ်ရေးလုပ်ရတာမဟုတ်ဘဲ၊ မှန်တယ် ဆိုတာတွေကို ကန့်သတ်ရေး ဖြစ်ပါသတဲ့။

အာရတ်တိုင်းပြည်တွေမှာ အစွန်းရောက် ဂျီဟဒ်ဒီတွေရန်ကို ထိန်းနိုင်ဘို့ရာ စွက်ဖက်မှုမလုပ်လို့မရတော့ပါ။ ကျင့်ဝတ်ဆိုတာတွေကို မချိုးဖေါက်လို့မဖြစ်တော့ပါ။ အီရတ်၊ ဆီးရီးယား၊ လစ်ဗျား၊ အာဖကန်နစ္စတန်နဲ့ အီဂျစ်မှာ ကိုယ်ကျိုးစီးပွါးအတွက် မဟာဗျူဟာကျတာတွေ လုပ်လာရပါတော့တယ်။ အာဖကန်စစ်ပွဲမှာ အမေရိကန်စစ်သားတွေ ပါနေတာရော၊ စစ်ပွဲကိုပါအဆုံးသတ်မယ်လို့ မဲဆွယ်ခဲ့တဲ့ အိုဘားမားအနေနဲ့ စစ်ပွဲသစ်တမျိုးကို မတိုက်လို့မဖြစ်တဲ့ တိုက်နေရပါတယ်။ အဲတာဟာ အိုင်ဒီရယ်လစ်ကျင့်ဝတ်အခြေခံအပေါ်မှာ ရီရယ်လစ်လက်တွေ့လုပ်တာက ကဲသာနေတဲ့ ကမ္ဘာ့အစီအစဉ် ဖြစ်ပါတယ်။

ကျွန်တော့ကတော့ အဆီအငေါ်မတည့်တဲ့ကမ္ဘာလို့သာ မြင်ပါတယ်။ ကောက်ကျစ်စဉ်းလဲမှုကန့်သတ်ရေးဆိုတာကို တည်ငြိမ်ရေးအတွက်လို့ ဘာသာပြန်တဲ့ခေတ်မှာ ကျွန်တော်တို့ လူဖြစ်နေကြရတယ်။ အာဏာရှင်တွေကို တိုက်ဖျက်ရေးမှာ ရှုတ်ထွေးလာတယ်။ ISIS အိုင်အက်စ်အိုင်အက်စ်ကိုထိုးနှက်ဖို့ရာ အမေရိကန်ဟာ ဆီးရီးယားသမတ အားဆဒ်နဲ့ အပေးအယူလုပ်ရတယ်။ ဆိုးတဲ့သမတကို ပိုဆိုးတဲ့မွတ်ဆလင်အစွန်းရောက်တွေကနေ အသက်ဆက်ပေးသလို ဖြစ်စေတယ်။

ဒါကြောင့် မြန်မာပြည်မှာ စစ်အစိုးရနဲ့ စစ်ထွက်အစိုးရထက်ဆိုးတဲ့ အန္တရာယ်တွေ ရှိမလာပါစေနဲ့လို့ ဆုတောင်းခဲ့ပြီး၊ နာမည်တလုံးအတွက်စစ်ပွဲကို ရခိုင်ဒေသသတင်းတွေ ပူလောင်ခဲ့တဲ့ကာလ ၂ဝ၁၂ မှာ ရေးပါတယ်။ မြန်မာပြည်ကံကြမ္မာ မဆိုးလှပါ။ စစ်ထွက်အစိုးရပြုတ်ကျသွားပြီ။ စိုးရိမ်ခဲ့တဲ့အန္တရာယ်ကို နောက်တက်အစိုးရကနေ နိုင်ငံတကာအရေးကို လိမ္မာပါးနပ်စွာကိုင်တွယ်နေပါပြီ။ နာမည်ဂယက် အရင်ကလောက်ဆူပွက်စရာမရှိတော့ပါ။ ဒါက အစပဲရှိပါသေးတယ်။ ကနေ့ မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတာဟာ ကစ်ဆင်ဂျာထောက်ပြထားတဲ့ ကမ္ဘာအစီအစဉ် နမူနာတွေနဲ့ခြားနားပါတယ်။ ကောက်ကျစ်စဉ်းလဲမှု ကင်းပါတယ်။ ပမာနှိုင်းပြောရရင် ကိုက်တံနဲ့ မီတာကြိုးတော့မသုံးပါ။ နှစ်ထွာ = တတောင်၊ နှစ်တောင် = တကိုက်၊ စံကိုက်ပါပဲ။

မြန်မာပြည်မှာ ပြီးခဲ့တဲ့အစိုးရလက်ထက်ကတည်းက ဘိုလိုသင်တဲ့ ဝပ်ရှော့တွေ ဆီမီနာတွေတက်ရသူတွေက များပါတယ်။ သူတို့အထဲမှာ နှစ်တောင် တကိုက်ကိုသိတဲ့သူနည်းမှာပါ။ အသိပညာမှာ အောက်ခြေမလွတ်ကြစေချင်ပါ။ ဘိုလိုတွေးချင် တွေးပါ။ ကိုယ့်တိုင်းပြည် ပကတိအခြေအနေကို ဗမာလိုသိကြပါ။

ကိုယ့်ရဲ့ အမှောပ်ရိပ်ကိုလည်း သိပါ။ လင်းထင်းနေတဲ့မြန်မာပြည်ကို အရိပ်မည်းထိုးနေကြတဲ့ မြန်မာနိုင်ငံသားတွေ အမြင်မှန်ရကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၎-၈-၂ဝ၁၆
၎-၈-၂ဝ၁၈

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...