Sunday, August 5, 2018

Nude beach ဖေ့စ်ဘွတ်သည် ကိုယ်လုံးတီး ကမ်းခြေမဟုတ်

မနှစ်က ဒီနေ့မှာ ကွန်မင့်တခု လာတယ်။ လူအမည်ကို မထည့်တော့ပါ။

သူ့နေရာနဲ့သူလို့ထင်ပါဒေ ဆရာအနေနက် စလုံးပေါင်း သတ်ပုံဒေမှန်မှ ဆရာ့ဂုဏ်နဲ့ညီမှာမို့ မှန်အောင်ရေးမှ အစဉ်ပြေမယ်မှန်း အားလုံးသိပါဒေ သားတို့ သမီးတို့အနေနက် ကြတော့ လုံးဝအမှန်ကြီးအတိုင်းရေရင် မလွတ်လပ်ရာ ဆရာအထာကျရာ ကြီးကျယ်ရာ သက်ရောက်မှာဆိုးလို့ သက်သက်ကို အမှန်မရေးပဲ အလွယ်အတိုင်းရေးတာ သားတို့ သမီးတို့ အသိပါဆရာ အချို့အကြောင်းရာကို ရယ်မောစေလိုတာ လွတ်လပ်စေလိုတာမျိုးမှာ အမှန်မရေးပါပူး ခပ်လွှဲလွဲလေးရေးဒါက တိုက်ရိုက်ဖတ်နေသူကို လိုချင်တဲ့ဟာသသတ်စေတယ်လို့ ယူမိပါဒေ ဒါဟာ သူ့နေရာနဲ့သူ ဟန်ကျနေတယ်လို ယူဆမိသလို ပန်ချီးအနုပညာပါဝင်တယ်လို့ ပြောရရင်တောင် ရနိုင်ပါတယ်ဆရာ ရုပ်ပြောင်ကာတွန်း စာမဲ့ကာတွန်းတေရဲ့ သဘောဟာ အမြင်ပေါ်မှာ ဆိုလိုရင်းရသ ပေးပါတယ် သူငယ်ချင်းတေကို ပြောပြတဲ့အကြောင်းရာနဲ့ မိဘကိုပြောပြတဲ့အကြောင်းရာဟာ တခုတည်းဖြစ်နေရင်းတောင် ပြောပုံဟန်ပန်နဲ့ စကားလုံးအနေထား အမူယာ မတူပါပူး ဆရာ ဒါဟာ အကြောင်းရာတူပေမယ့် မိဘနဲ့သငယ်ချင်းကို ပေးချင်တဲ့ ရသကွဲလွဲစေလိုချင်တာကြောင့်ပါပဲဆရာ တနေရာမှာတခုဖတ်မိတယ် Unicode သုံးသမားရယ် စာလုံးပေါင်းမှန် မမှန်ဝေဖန်တတ်သူရယ် နိုင်ငံရေးသမားရယ် ဒီသုံးယောက်ဟာ လူ့ခွစာ ဒါမှမမုတ် အစွန်းရောက်သမားတေပါတဲ့ သူတို့သုံးယောက် ဘယ်တော့မှလက်ဖတ်ရည်ဝိုင်း အတူမထိုင်တတ်ကျဘူး တျောက်နဲ့တျောက် ထသက်နေမှာမို့ တဲ့ သမီးက သားက ကောမန့်လေးပေးမိပါတယ် ခြင်္သေ့တေ တဂူထဲအတူမအောင်းတာနေမယ်လို့ ဆရာလည်း ခြင်္သေ့တကောင်ဖြစ်နေတာမို့ အရာလို တွင်တွင်လုပ်နေတယ် မြင်မိပါတယ်ဆရာ သမီး သားမသိရတာကတော့ ဆရာ unicode သုံးသလား နိုင်ငံရေးသမား တယောက်လားဆိုဒါပါဖဲ ဆရာက Unicode လည်းသုံးတယ် နိုင်ငံရေးသမားတယောက်လည်း ဟုတ်တယ် ဆိုရင်တော့ ဆရာ့နဲ့ အမြင်မတူသူ မရှိတော့ပြီမို့ ဆရာဟာ ဆရာပါပဲဆရာ လေးစားစွာဖြင့် သမီး/သား

သူ့စာမှာ မှားနေတဲ့သတ်ပုံတွေက များလွန်းတယ်။ မပြင်တော့ပါ။ တချို့က သူ့အရှိန့်သူသာ လိမ့်ချင်ကြတာ။

ကျွန်တော် ခြင်္သေ့မဟုတ်ပါ။ အသက်ကြီးဆရာဝန်သာဖြစ်တယ်။ ယူနီကုဒ် မသုံးတတ်ပါ။ နိုင်ငံရေးတော့ လုပ်ခဲ့ဘူးတယ်။ အဲတာ ပန်းချီအနုပညာ မဟုတ်လောက်ပါ။ ကျွန်တော် ပုံဆွဲတတ်တယ်။

စကားအသုံးအနှုန်းကို နေရာအလိုက်သုံးထိုက်တာကို လက်ခံပါတယ်။ လူငယ်ဆိုရင် မှားပြောရမယ်ဆိုတာတော့ မှန်တယ် မထင်ပါ။ ဘန်းစကားပြောတာ ခေတ်တိုင်းမှာရှိတယ်။ တိုင်းပြည်တိုင်းမှာရှိတယ်။ အမှားကတော့ လူကဲ့ရဲ့သာခံရမယ်။

ကိုယ်ပြောလိုက် ရေးလိုက်တဲ့သူဟာ ဘယ်လိုလူလဲတော့ စဉ်းစားသင့်ပါတယ်။ အမျိုးသမီးတယောက်မေးပါတယ်။ ကိုဝင်တားစီ သိချင်ဒယ်တဲ့။ သတ်ပုံမှားမေးလည်း မှန်းလို့ရတာဆို ဖြေပါတယ်။

ဟာသကို သူငယ်ချင်းနှစ်ယောက်တည်း ဘယ်လိုပြောပြောရပါပေမယ့် လူရွှင်တော်တွေ ချက်အောက်ရောက်တဲ့ ရီစရာ စင်ပေါ်ကနေ မပျက်ရပါ။ လူမှုရေးကွန်ရက်ဆိုတာ ဇာတ်စင်ထက်ကျယ်တယ်။ ညစ်ညမ်းတာ မဟုတ်ပေမယ့် ပျက်စီးစေလိုတဲ့ဆန္ဒမပါပေမယ့်၊ ဖျက်ရာကျတာကိုတော့ ဆင်ခြင်သင့်တယ် ထင်ပါတယ်။

အချင်းချင်း ချတ်ဘောက်စ်မှာရေးတာ ဘယ်လိုရေးရေး သူများကိုဒုက္ခမပေးပါ။ လူမှုရေးကွန်ရက်မှာ၊ အများဖတ်တဲ့ ပုံနှိပ်မီဒီယာမှာ၊ အများကြည့်တဲ့၊ မီဒီယာမှာဆိုရင် သူများတွေကို စော်ကားရာကျမယ်။ ကိုယ့်အိပ်ခန်းထဲမှာ အဝတ်အစားမကပ်ဘဲ နေနိုင်တယ်။ လမ်းပေါ်မှာ ဒူးပြဲဂျင်းဘောင်းဘီဝတ်တာကတော့ ပြောစရာမရှိပါ။ မင်္ဂလာဆောင် သွားရင်သာ မလျော်တာ။

ဒီခေတ်မှာ ကိုယ်လုံးတီးနေတာတွေ ရှိပါတယ်။ အဲတာတောင်မှ သတ်မှတ်ထားတဲ့နေရာနဲ့ အချိန်မှာသာ နေခွင့်ရှိပါတယ်။ နေသူတွေကနေပြပေမယ့် အများသုံးမီဒီယာမှာ ဆင်ဆာပါရတယ်။

ဒေါက်တာတင့်ဆွေ
၎-၈-၂ဝ၁၆
၎-၈-၂ဝ၁၈

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...