Sunday, August 5, 2018

Oxygen အောက်စီဂျင် နှင့် ကွန်ဆာဗေးတစ်

(၁) ဆရာ့ကို ဆရာလုပ်တာ မဟုတ်ရပါ။ ကျွန်တော် အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ ခေတ်လူငယ်တယောက်ပါဆရာ။ ခေတ်ပညာလဲ အထိုက်လျောက်တော့ တတ်ပါတယ်ဆရာ။ ကျွန်တော့်အမြင်မှာ ဆရာက အချို့ကိစ္စတွေမှာ Conservative အရမ်းဆန်နေသလိုတွေ့မြင်ရပါတယ်ဆရာ။ တစ်ချို့အရာတွေကျတော့ ခေတ်ကိုက အဲဒီလိုဖြစ်နေတော့ ခေတ်ကိုလိုက်ပြီး မျောပေးရတာတွေလဲရှိပါတယ်ဆရာ။ အဲတာတွေကိုကျတော့ ကျွန်တော်ကိုယ်တိုင်လဲ လူငယ်တယောက်ပေမဲ့ ကိုယ်မကြိုက်သော်လည်း ခေတ်ကာလအရဆိုတော့လဲ လိုက်ပြီးစီးမျော ခံစားပေးရပါတယ်ခင်ဗျ။ ကျွန်တော် တယောက်တည်းရဲ့ Personal အမြင်မို့ ဆရာ့ကို လွန်တာရှိ ဝန္တာမိပါဆရာ (စာလုံးပေါင်းမှားပါကလဲ ခွှင့်လွှတ်ပေးပါခင်ဗျာ (ဆုံး)

ကျွန်တော်က မြန်မာပြည်က ခေတ်ဆိုတာသာ မကပါ၊ အမေရိကန်ခေတ်အသုံးတွေထဲက သင့်နိုးတာတွေ ရေးထားတာကို ရေးပါတယ်။ ယဉ်ကျေးမှုတွေအမျိုးမျိုးမှာ အဟောင်းရော အသစ်ထဲမှာပါ သင့်မြတ်တာတွေရှိသလို ပယ်သင့်တာတွေလည်း ရှိတယ်။ အဟာင်းထဲက မသင့်တာတွေကိုလည်း ရေးတယ်။ အသစ်ထဲက ယူသင့်တာတွေကိုလည်း ရေးပါတယ်။

ကျွန်တော်က တခုတည်းကို စွဲယူထားတတ်သူမဟုတ်ပါ။ ကျွန်တော့်မှာ တခြားသူတွေလိုပဲ ကိုယ်ပိုင်ဒီဇိုင်းရှိတယ်။ လက်ပွန်းတတည်းနေဖူးသူတွေက သိကြတယ်။ ထောက်ပြချင်တာ နှစ်ခု။ အသက်မွေးဝမ်းကြောင်းနဲ့ လုပ်နေတဲ့အလုပ်။ ဆေးပညာနဲ့ နိုင်ငံရေး။

ဆရာဝန်တိုင်းဟာ အမြဲနောက်ဆုံးထွက် ဆေးသုတေသနတွေနဲ့ လက်လှမ်းမီနေကြရတယ်။ ခေတ်မီတယ်လို့ မပြောလည်း ရတယ်။ ခေတ်ဆန်တယ်တော့ မပြောပါနဲ့။ ကွန်ဇာဗေးတစ် ဟုတ်ပါသလား။

ကျွန်တော့် နိုင်ငံရေးထဲရောက်တာကြာပါပြီ။ လုပ်ရတာက ပြည်ပမှာများတယ်။ သူများနိုင်ငံတွေကို သွားလာပြီး ကနေ့ မြန်မာပြည်မှာဘာဖြစ်နေလို့ ဘာလုပ်ပေးပါပြောရတာ။ တခါလာ ရှစ်လေးလုံးသာ ပြောရတာမဟုတ်ပါ။ နှစ်စဉ်ညီလာခံတွေ အစည်းအဝေးတွေသွားသွားပြီးလည်း ပြောရဟောရသေးတယ်။ နှစ်တိုင်းမှာ အသစ်တွေဖြစ်နေတာကို ပြောရတာပါ။ စကားမပြောခင် နောက်ဆုံးသတင်းဖတ်ရသေးတာ။

တမြန်နှစ်က လင်ကွန်းမွေးတဲ့နေရာကိုသွားလည်တယ်။ ဆူဗီနာ ခေါ် အမှတ်တရ ပစ္စည်းဆိုင်ရောက်တော့ လိုက်ပို့တဲ့ ကရင်ဇနီးမောင်နှံက အရင်ဆုံးတွေ့တဲ့ ထုတ်ကောက်တချာင်းကို ဆရာယူမလားတဲ့။ ကျွန်တော်က မယူပဲ စာအုပ်ရွေးတော့ ဝယ်ပြီးလက်ဆောင်ပေးကြတယ်။ ဒေလီမှာနေစဉ်က ခြေထောက်ကျိုးတော့ တုတ်ကောက်သုံးရချိန်မှာ စိတ်တိုင်းကျတာ ရှာမရပါ။ နာမည်ကြီးဘောလုံးသမားတယောက် ခြေထောက် ခိုက်မိစဉ်ကသုံးတဲ့ တုတ်ချောင်းမျိုး လိုက်ရှာမရလို့ရတဲ့ တုတ်မျိုးကို မသုံးပဲနေခဲ့တယ်။

ကျွန်တော်က နံပြားဦးထုပ် တခါမှမဆောင်းပါ။ ဘောင်းဘီ မတိုမရှည် တခါမှ မဝတ်ပါ။ ကျောပိုးအိတ်တော့ သုံးတယ်။ တီရှပ်ဝတ်ပါတယ်။ မြန်မာ့အစားအစာတွေရေးတာ ဖတ်မိကြမှာပါ။ ပီဇာတို့ ဘာဂါတို့လည်း အဆင်သင့်တဲ့အခါမှာတော့ စားပါတယ်။

စာရေးတဲ့အခါ ကုန်းဘောင်ခေတ်ကလို မရေးပါ။ မြန်မာစာ၊ အင်္ဂလိပ်စာကို မှန်အောင်ရေးပါတယ်။ သတ်ပုံမှန်စေချင်တာ ကွန်ဇာဗးတစ်မဟုတ်ပါ။

ဘန်းစကားတွေလည်း သိပါတယ်။ ဆေးခြောက်ကို ဂန်ဂျာခေါ်တာလည်းသိတယ်။ pot, weed, reefer, dope, ganja, grass, herb, bud, green, trees, skunk, smoke လို့ခေါ်တာတွေလည်း သိတယ်။ ဘိန်းဖြူကို sugar, smack, dope, H or Big H, junk, skunk, white horse လို့ခေါ်တာလည်းသိတယ်။ ကိုကိန်းကို candy, snow, rock, flake, blow, C, coke, bump နဲ့ Charlie လို့ခေါ်တာတွေလည်း သိတယ်။ မက်ဖက်သမင်းကို meth, ice, crank, speed, glass, fire, chalk နဲ့ crystal meth လို့ခေါ်တာတွေလည်း သိတယ်။

အမေရိကမှာ ဒီမိုကရက်တွေကို လစ်ဘရယ်လို့ပြောတယ်။ သဘောကျတာတွေ ရှိပေမယ့် အဘောရှင်းရိုက်ကို သဘောမတူပါ။ ရီပတ်ဘလီကန်တွေကို ကွန်ဆာဗေးတစ်တဲ့။ ချမ်းသာသူတဲ့သူတွေကို ဦးစားပေတာ သဘောမတူပေမယ့် လွတ်လပ်လွန်းတာကို လက်မခံတာတော့ သဘောတူတယ်။ ကျွန်တော့်ကို ကွန်ဆာဗေးတစ်လို့ခေါ်လည်း စိတ်မဆိုးပါ။

ဒေလီတုန်းက ဆေးခန်းကဆေးမှူးနဲ့ဆရာမလေးတွေကို ပြောလေ့ရှိတယ်။ ကနေ့ ကမ္ဘာမှာ အကောင်းဆုံးရေမွှေး သိကြလား။ နာမည်အကြီးဆုံးဖက်ရှင် သိကြလား။ နောက်ဆုံးပေါ်ဒီဇိုင်း သိကြလား။

ခေတ်တိုင်းမှာ ထိန်းပေးထောက်ထားပေးသူတွေ အမြဲရှိကြတယ်။ အောက်ခြေလွတ်မသွားအောင်ဖြစ်တယ်။ အဲလို သွန်သင်တည့်မတ်ပေးခဲ့တဲ့ လူကြီးသူမတွေနဲ့ စာရေးဆရာတွေရဲ့ ကျေးဇူးကကြီးမားတယ်။ ကျွန်တော် ပြည်ပနေတာ ဘယ်လောက်ကြာကြာ ခြေထောက်က မြန်မာပြည်က မလွတ်ပါ။ အတွေးအသိကလည်း လေထဲ မျောပါမနေပါ။ ရှူရတဲ့လေ ဟောင်းဟောင်းသစ်သစ် အောက်စီဂျင်ပါတာကိုသာ ရှူပါတယ်။ Smile!

စာတပုဒ်ရေးဖြစ်လို့ ကျေးဇူးတင်တယ်။

ဒေါက်တာတင့်ဆွေ
၅-၈-၂ဝ၁၇
၅-၈-၂ဝ၁၈

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...