Sunday, August 5, 2018

Who ဘယ်သူကပြောတာလဲ

ဆရာ အခုဒီဆေးက ကိုယ်ခံအားအတွက် ကောင်းတယ်ပြောလို့ အကယ်ဟုတ်မဟုတ် သိချင်လို့ပါ ဆရာ

ကိုယ်ခံအားအတွက် ကောင်းတယ်လို့ပြောသူက ဆရာဝန်ဟုတ်ပါသလား။

သတင်းဆိုရင် ဘယ်မီဒီယာကဆို ခိုင်မာလောက်သလဲ သိထားရမယ်။

တရားဆိုလည်း ပေါ်ပြူလာဖြစ်တိုင်း စစ်မှန်တာ မဟုတ်တတ်။

ဆေးအကြောင်း ရောဂါအကြောင်းဆိုရင် အနည်းဆုံးတော့ ကျွန်တော်လို ရိုးရိုးဆရာဝန်ကပြောမှ။ ဖြစ်နိုင်ရင် သက်ဆိုင်ရာ အထူးကုဆရာဝန်ပြောမှသာ လက်ခံသင့်တယ်။ အဲတာလည်း ကိုယ့်ကို စမ်းသပ် စစ်ဆေးပေးတဲ့ဆရာဝန်ကသာ သူ့လူနာအကြောင်း ပိုသိတယ်။

ဖေ့စ့်ဘွတ်မှာ ဘယ်သူရေးသလဲတော့ သိအောင်လုပ်ပါ။ ဂရုတွေထဲမှာ သန်းရှာယင်း အတင်းပြောတာမျိုးကိုတော့

ဒေါက်တာတင့်ဆွေ
၎-၈-၂ဝ၁၈

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...