Sunday, August 5, 2018

Your Age လူအသက် အလွန်အရေးကြီးတယ်

မေးခွန်းတွေမှာ အသက်မပြောသူတွေက တဝက်လောက်ရှိတယ်။ အရင်ကဆို ဒိထက်များတယ်။ အသက်ရေးပြန်ရင်လည်း မေးခွန်းအဆုံးမှာရေးလို့ ၂ ခါထပ်ဖတ်ရလို့ အချိန်ပိုကုန်စေတယ်။

လူတွေမှာ အသက်အလိုက်ဖြစ်တတ်တဲ့ရောဂါတွေက မတူပါ။ ကလေးငယ်တွေမှာ စာရင်းတမျိုးရှိတယ်။ ကလေးတွေမှာလည်း တနှစ်အောက်ကတမျိုးနဲ့ ၅ နှစ်အောက် ရောဂါစာရင်းတမျိုးရှိတယ်။

အရွယ်မရောက်ခင်မှာလည်း ရောဂါစာရင်းကတမျိုးရှိတယ်။ အရွယ်ရောက်ကာစကနေ အိမ်ထောင်မကျမီအထိက နောက်စာရင်းတမျိုးစီ ယောက်ျားနဲ့ မိန်းမတွက်ရှိတယ်။ အသက်ကြီးသူတွေရဲ့ရောဂါစာရင်းလည်း တမျိုးထူးခြားတယ်။

မေးတဲ့သူ (ဖြစ်တဲ့သူ) အသက်သိရတာနဲ့ မဆိုင်လောက်တဲ့ရောဂါစာရင်းတွေကို ဘေးဖယ်ထုတ်လို့ရတယ်။ အိမ်ထောင်ကျလေ့ရှိတဲ့အရွယ်မှာ ဖြစ်တာတွေနဲ့ အိမ်ထောင်ကျသင့်ချိန်မှာ မကျသေးသူတွေဖြစ်တာ မတူပြန်ပါ။ အပျို အိမ်ထောင်မကျသေးပါလို့ပြောတာနဲ့ မရ။ ဆရာဝန်ကသိလိုတာတွေရှိတယ်။ မပြောချင်သူတွေက ဘလော့မှာ ရှာဖတ်နိုင်ပါတယ်။

Childhood illnesses ကလေးရောဂါများ
1. Chickenpox ရေကျောက်
2. Coughs, colds and ear infections ချောင်းဆိုး၊ အအေးမိ၊ နားပိုးဝင်ခြင်း
3. Diarrhoea and vomiting ဝမ်းပျက် အန်ခြင်း
4. Fever ကိုယ်ပူခြင်း
5. Food allergies အစာ အလာဂျီရခြင်း
6. Measles ဝက်သက်
7. Mumps ပသိရောင်

Reproductive age သားမွေးနိုင်တဲ့အရွယ်ဆိုတာ ယေဘုယျ ၁၂ နှစ်ကနေ ၄၉ နှစ်လို့ သတ်မှတ်ထားတယ်။
1. Prostate cancer ကျားဆီးကျတ်ကင်ဆာ
2. Breast cancer ရင်သားကင်ဆာ
3. Ovarian cancer မျိုးဥအိမ်ကင်ဆာ
4. Penile cancer ကျားလိင်တံကင်ဆာ
5. Uterine cancer သားအိမ်ကင်ဆာ
6. Testicular cancer ကျးအစိကင်ဆာ

Female အမျိုးသမီးရော ဂါများ
1. Endometriosis သားအိမ်ရောဂါတမျိုး
2. Uterine Fibroids သားအိမ်အလုံး
3. Gynecologic Cancer တခြားမျိုးပွါးလမ်းကင်ဆာ
4. HIV/AIDS
5. Interstitial Cystitis အူရောဂါတမျိုး
6. Polycystic Ovary Syndrome (PCOS) မျိုးဥအိမ်ရေအိတ်များ
7. Sexually Transmitted Diseases (STDs) လိင်ကတဆင့်ကူးစက်ရောဂါများ
8. Sexual Violence လိင်အကြမ်းဖျက်ခံရခြင်း

Adult လူကြီးရောဂါများ
1. Adult onset diabetes ဆီးချို
2. Arthritis အဆစ်နာ
3. Kidney and bladder problems ဆီးလမ်းရောဂါများ
4. Dementia မှတ်ဥာဏ်အားနည်းခြင်း
5. Parkinson’s disease ပါကင်ဆန်ရောဂါ
6. Glaucoma ရေတိမ်
7. Lung disease တီဘီမဟုတ်တဲ့ အဆုတ်ရောဂါ
8. Cataracts အတွင်းတိမ်
9. Osteoporosis အရိုးပွရောဂါ
10. Enlarged prostate ဆီးကျိတ်ကြီးခြင်း
11. Alzheimer’s disease အယ်လ်ဇာမိုင်ယားရောဂါ
12. Depression စိတ်ဓါတ်ကျခြင်း
13. Cardiovascular disease နှလုံးသွေးကြောရောဂါများ

ကျေးဇူးပြုပြီး ဖြစ်တဲ့သူ အသက်ကိုတော့ အရင်ဆုံးရေးမေးကြစေလိုပါတယ်။ လူနာ့အသက် အလွန်အရေးကြီးတယ်။ ဆရာဝန်အတွက်ပါ အရေးကြီးတာ။ ကျွန်တော် မေးခွန်းတွေဖြေနေတာ နှစ်မနည်းတော့ပါ။ အသက်မပြောကြလို့ ကုန်ခဲ့တဲ့အချိန်တွေလည်း မနည်းပါ။ အသက်မပြောချင် မေးမနေပါနဲ့။ ဘလော့မှာသာ ဖတ်ပါ။

ဒေါက်တာတင့်ဆွေ
၎-၈-၂ဝ၁၈

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...