Sunday, August 5, 2018

Your Culture ကွန်မင့်ဆိုတာ ဇရပ်နံရံမဟုတ်

(ကန်တော့ပါ)

ဆရာခင်ဗျာ ကျနော့မိန်းမ abortion ဖြစ်ထားတာ ၂၁ ရက် ရှိပါပြီ ညတုန်းက မနေနိုင်လို့ ခဲ့မိပါတယ့့် ပြီးပြီးချင်း Ecee2 တော့ တိုက်ထားပါတယ် ကိုယ်ဝန်ရနိုင်သလားခင်ဗျာ

(ကန်တော့ပါ)

လူတယောက်ကို ဘယ်နည်းနဲ့ဆက်သွယ်မရမလဲ။ အရင်က ၁၅ ပြားတန် တံဆပ်ခေါင်းနဲ့ စာရေးရတယ်။ ကြေးနန်းဆက်သွယ်ရေးပေါ်လာတယ်။ တယ်လီဖုန်း ပေါ်လာတယ်။ နောက် မိုဘိုင်းဖုန်း။ အဝေးခေါ်ချင်ရင် ကွိုင်ထည့်ပြောနည်း၊ ဖုန်ကပ်သုံးနည်းစတာတွေပေါ်လာတယ်။ ဖက်စ် ပေါ်လာတယ်။

အင်တာနက်ပေါ်တော့ တော်လှန်ရေးတရပ်လိုဖြစ်လာတယ်။ အီးမေးလ် ခေတ်ရောက်လာတယ်။ တဆက်တည်းမှာ စကိုက်ပ်၊ ရောက်ဒါ၊ ဝိုင်ဖိုင်၊ ဖုန်းဒေတာ၊ ဟော့စပေါ့၊ ဗိုင်ဘာ၊့

ဖေ့စ်ဘွတ်ပေါ်လာတော့တခါ တော်လှန်ရေးအသေးစားလေးဖြစ်လာတယ်။ အကောင့်ဖွင့်ထားသူတိုင်းမှာ မက်ဆေ့၊ မက်စင်ဂျာ၊ ချတ်ဘောက်စ်ရှိတယ်။ အဲတာတွေကနေ ဖုန်း၊ ဗီဒီယိုကောလ် ခေါ်လို့ရတယ်။

ဖေ့စ်ဘွတ်သုံးတာကို အော်ပရေတာကနေခေါ်သလိုလုပ်နေသူတွေရှိတယ်။ ပုလဲကို ၁၉၈၈ မတိုင်ခင် တယ်လီဖုန်း ရောက်လာတယ်။ စာတိုက်တခုမှာသာ ဖုန်းရှိလို့ ပါတီ ကောင်စီကရုံးအလုပ်ကိုပါ စာတိုက်ကိုလာပြောရတယ်။ လိုင်းက မကောင်းတဲ့အခါ အော်ပြောရတယ်။ စကားအဆုံးမှာ ဒါလျို့ဝှက်တဲ့။ ဘေးကလူတွေ နားပိတ်ပေးထားရမလို။ အဲတာက ရယ်စရာသဘော။ အခုပြောချင်တာက ညစ်ညမ်းတာ၊ မယဉ်ကျေးတာ၊ မသိတတ်တာ။

ကျွန်တော်တို့ ပြည်ပနိုင်ငံရေးလုပ်ခဲ့စဉ်က အီးမေးလ်ပေါ်စမှာ သူများမသိစေချင်တာကို ကုဒ်တွေထွင်ရတယ်။ ပီဂျီပီ သုံးရေးကြရတယ်။ ဖုန်းကနေ ကြားဖြတ်နားထောင်မရအောင် ဆခရမ်ဘယ်လ် ဆိုတာသုံးခဲ့ရတယ်။

ဖေ့စ်ဘွတ်ကွန်မင့်ကနေ ရေးချင်ရာရေးနေကြတယ်။ မေးချင်ရာမေးနေကြတယ်။ လူတကာဖတ်လို့ရတဲ့ သာလာယံဇရပ်နံရံ မှတ်နေကြပုံရတယ်။ သုံးတာကတော အိုင်ဖုန်း ဆဲဗင်းတွေ အိတ်တွေ ဖြစ်ချင်ဖြစ်တယ်။ ကိုယ်ပြောလိုတဲ့သူဆီ တိုက်ရိုက်ရောက်နည်း မသိကြ။ ရှိတာ မခက်၊ မသိတာခက်။

ဖေ့စ်ဘွတ်ရှိသူတိုင်းဆီကို မက်ဆေ့ပို့လို့ရတယ်။ ဖရင်းမဖြစ်သေးလည်း ဖစ်လ်တာမက်ဆေ့ဆိုပြီးရောက်တယ်။ အဲတာကို တခြားသူတွေက ဖတ်မရ။ ကွန်မင့်ကနေ မျိုးပွါးလမ်းကိစ္စတွေ လိင်ပိုင်းဆိုင်ရာတွေ ရေးသင့် မရေးသင့်လေးတော့ စဉ်းစားတတ်ကြစေချင်တယ်။

အခုမေးခွန်းကနမူနာသာဖြစ်တယ်။ အဲလိုရေး မေးနေသူတွေက နေ့တိုင်းနေ့တိုင်းရှိတယ်။ ရိုင်းစိုင်းလွန်းတယ်။

ညမအိပ်ခင်က ဖစ်လ်တာမက်ဆေ့ ၁ဝ ခုလောက်ကို အဆက်ပ် လုပ်ထားခဲ့တာ ည ၂ နာရီထိုးတော့ အိပ်ချင်တာနဲ့ အခုမှသာဖြေရမှာ။ မနက်ထ ထုံးစံအတိုင်း မေးခွန်းထုပ်မဖွင့်ခင် ကွန်မင့်တွေဖတ်တော့ အခုဟာတွေ့လို့။

ဒေါက်တာတင့်ဆွေ
၎-၈-၂ဝ၁၈

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...